အန်းဂျပန်စာသင်ကျောင်း

  • အန်းဂျပန်စာသင်ကျောင်းimage
  • အန်းဂျပန်စာသင်ကျောင်းimage
  • အန်းဂျပန်စာသင်ကျောင်းimage
  • အန်းဂျပန်စာသင်ကျောင်းimage
  • အန်းဂျပန်စာသင်ကျောင်းimage
  • အန်းဂျပန်စာသင်ကျောင်းimage
  • အန်းဂျပန်စာသင်ကျောင်းimage
  • အန်းဂျပန်စာသင်ကျောင်းimage
  • အန်းဂျပန်စာသင်ကျောင်းimage

Ikebukuro ကျောင်း | IKEBUKURO

ကျောင်း၏အကျဉ်းချုပ

Ikebukuroကျောင်းသည်တည်ထောင်သည့်အချိန်မှစ၍ယခုအချိန်အထိလက်တွေ့အသုံးပြု၍ရသောဂျပန်ဘာသာစကားကိုသင်ကြားပို့ချလျက်ရှိပြီးကျောင်းသားကျောင်းသူများဆက်လက်တက်ရောက်လိုသောဘွဲ့လွန်၊တက္ကသိုလ်၊ကောလိပ်များသို့ဆက်လက်တက်ရောက်နိုင်စေရန်သင်ကြားရေးအစီအစဉ်များရေးဆွဲထားပါသည်။ထိုအတွက်အမျိုးမျိုးသောဘာသာစကားသင်ကြားမှုပုံစံများနှင့်လူဦးရေအနည်းငယ်သာထားရှိသောအတန်းများကိုထားရှိပြီးကျောင်းသား၊ကျောင်းသူတစ်ဦးချင်းကိုကျောင်းဆက်လက်တက်ရောက်မှုလမ်းညွှန်ပေးခြင်း၊နေထိုင်မှုလမ်းညွှန်ပေးခြင်းများကိုဂရုစိုက်၍အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။ကျောင်းသည်တိုကျိုမြို့ပေါ်ရှိIkebukuroဟုခေါ်သောသွားလာရေးအလွန်လွယ်ကူသောနေရာတွင်ရှိသောကိုယ်ပိုင်၈ထပ်ကျောင်းဖြစ်ပြီးအမျိုးမျိုးသောပစ္စည်းကိရိယာများကိုလည်းတပ်ဆင်ထားပါသည်။

ကျောင်းအမည် အန်းဂျပန်စာသင်ကျောင်း Ikebukuro ကျောင်း
ကျောင်းတည်နေရာ 4-32-8 Ikebukuro Toshima-Ku Tokyo
TEL / FAX 03-3989-0007 / 03-3982-2014
ကျောင်းတည်ထောင်မ ၁၉၈၉ခုနှစ်ဇူလိုင်လ
ဝန်ထမ်းဦးရေ ၈၀၀ယောက်
လက်ရှိကျောင်းသား၊ကျောင်းသူများ- တရုတ်၊ကိုရီးယား၊ထိုင်ဝမ်၊ဗီယက်နမ်၊မြန်မာနှင့်အခြားနိုင်ငံများ

ဆက်သွယ်ရေး

  • JRလိုင်း၏Ikebukuroဘူတာမှလမ်းလျှောက်လျှင်၈မိနစ်
  • မြေအောက်Yurakuchoလိုင်း၏Higashi Ikebukuroဘူတာမှလမ်းလျှောက်လျှင်၁မိနစ်
  • မြို့ပတ်ရထား၏Higashi Ikebukuro Yonchomeဘူတာမှလမ်းလျှောက်လျှင်၁မိနစ်

ကျောင်းအုပ်၏နှုတ်ဆက်စကား

ကျောင်းအုပ်၏နှုတ်ဆက်စကား

ဂျပန်ပညာတော်သင်ရန်စဉ်းစားနေသောAn Language School ၀က်ဘ်ဆိုက်သို့၀င်ရောက်လေ့လာသူများအားလုံးကိုကျေးဇူးတင်ပါတယ်။ဒါ့အပြင်ကျွန်ုပ်တို့ကျောင်းကိုရွေးချယ်ပေးသောကျောင်းသားတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

သင်ဂျပန်မှာပညာသင်ဖို့အကြောင်းပြချက်ကဘာပါလဲ။ဂျပန်တက္ကသိုလ်မှာဘွဲ့ယူချင်တယ်၊ဂျပန်ကုမ္ပဏီတစ်ခုမှာအလုပ်ရချင်တယ်၊ဂျပန်မှာနေချင်တယ်၊စသဖြင့်သင့်တွင်အကြောင်းပြချက်တို့ရည်ရွယ်ချက်တို့တစ်ခုခုရှိမယ်လို့ထင်ပါတယ်။ကျွန်ုပ်တို့၏အရေးအကြီးဆုံးအရာသည်သင်၏ပန်းတိုင်များအောင်မြင်ရန်ဖြစ်သည်။

  • ကျောင်းသားတစ်ဦးစီ၏အဆင့်အလိုက်အတန်းနှင့်သင်ရိုးညွှန်းတမ်း။
  • ဆရာများနှင့်တဦးချင်းတွေ့ဆုံမေးမြန်းမှုများပုံမှန်ပြုလုပ်ခြင်း။
  • လေ့လာမှုကိုအာရုံစိုက်နိုင်ရန်သန့်ရှင်းသောပတ်ဝန်းကျင်တစ်ခုကိုဖန်တီးခြင်း။(၂၀၂၀ တွင်ကျောင်းအဆောက်အအုံသစ်ကိုပြန်လည်တည်ဆောက်ခြင်း)
  • အခက်အခဲ(သို့)အရေးပေါ်အခြေအနေတွင်မိခင်ဘာသာစကားဖြင့်ဆွေးနွေးနိုင်သော၀န်ထမ်းရှိခြင်း။စသည်တို့သည်ပန်းတိုင်ကိုရောက်ဖို့ကျွန်ုပ်တို့ကျောင်းကလုပ်ဆောင်ပေးနေသောဥပမာတစ်ခုပင်ဖြစ်ပါတယ်။

နိုင်ငံခြားဘာသာစကားလေ့လာနေစဉ်ထိုနိုင်ငံတွင်နေထိုင်ခြင်းသည်အင်မတန်ပင်ပမ်းသောအရာဖြစ်သည်။သင်မပြောနိုင်၊နားမလည်နိုင်သောအရာများစွာရှိသည်။မိမိတိုင်းပြည်နဲ့ဂျပန်ရဲ့ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းတွေကွဲပြားမှုတွေကြောင့်သင်စိတ်ရှုပ်နိုင်ပါတယ်။

အခြားတစ်ဖက်မှာတော့ကျောင်းမှာသင်ယူခဲ့တဲ့စာတွေနဲ့နေ့စဉ်ဘ၀မှာနားလည်မှုတွေရတဲ့အခါအရမ်းပျော်စရာကောင်းပါတယ်။ထို့ပြင်အခြားနိုင်ငံများမှယဉ်ကျေးမှုများကိုနားလည်နိုင်ခြင်းနှင့်လက်တွေ့ဘ၀နှင့်စကားပြောဆိုခြင်းမှတဆင့်မိမိနိုင်ငံနှင့်ကွဲပြားခြားနားမှုများကိုရှာဖွေတွေ့ရှိခြင်းဟူသောအတွေ့အကြုံသည်နိုင်ငံခြားတွင်ပညာသင်ခြင်း၏တကယ့်ပျော်ရွှင်မှုဟုဆိုနိုင်ပါသည်။

ဂျပန်တွင်တက္ကသိုလ်(သို့)ဘွဲ့လွန်ဆက်တက်ပြီး၊ဂျပန်ကုမ္ပဏီသို့အလုပ်ဝင်ခဲ့သောကျွန်ုပ်တို့ကျောင်း၏ကျောင်းဆင်းများသည်ဂျပန်ကို“ Hello”တို့“ ကျေးဇူးတင်ပါတယ်”တို့နှင့်စတင်လေ့လာပြီးမိမိတို့၏အိပ်မက်များကိုအကောင်အထည်ဖော်နိုင်ခဲ့သည်။ကျောင်းမှ၀န်ထမ်းများသည်သင်၏အိမ်မက်များအားအကောင်အထည်ဖော်ပေးနိုင်ရန်အတွက်အားမလျှော့ပါ။

ကျွန်ုပ်တို့အတူတူအကောင်းဆုံးကြိုးစားကြရအောင်။

An Language School
ကျောင်းအုပ်
KABASAWA RYOTA

gotop

အန်းဂျပန်စာသင်ကျောင်း
  • Ikebukuroကျောင်း / 2-41-19 Ikebukuro Toshima-Ku Tokyo ဖုန်း 03-3989-0007 ဖက်စ် 03-3982-2014
  • Narimasuကျောင်း / 3-10-4, Narimasu, Itabashi-ku, Tokyo ဖုန်း 03-3975-6021 ဖက်စ် 03-3975-6500
  • Nerimaကျောင်း / 6-1-10 Kasugacho Nerima-Ku ဖုန်း 03-3998-1000 ဖက်စ် 03-3998-1220
  • HIkarigaokaကျောင်း / 1-8-9 Narimasu Itabashiku Tokyo ဖုန်း 03-3977-1332